သီရိလင်္ကာနိုင်ငံ၌ အသက် ၆၀ နှင့်အထက် အုပ်များကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ကိုလံဘို နိုဝင်ဘာ ၁၉

 

သီရိလင်္ကာနိုင်ငံတွင် ကျန်းမာရေး အာဏာပိုင်များက အသက် ၆၀ နှင့်အထက် အသက်အုပ်စုများ ကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး နေပြီဖြစ်သည်။

 

အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အနောက်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များနှင့် အနုယုဒ္ဓပူရနှင့် အမ်ပါရာပြည်နယ်များတွင် နိုဝင်ဘာ ၁၇ ရက်က စတင်ခဲ့သည်။

 

ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပိုဆောင်းထိုးဆေးအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း မြေပြင်တွင်ကွင်းဆင်း ဆောင်ရွက်နေသော ဆရာဝန်များက ပြောသည်။ မည်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်မဆို ပထမတစ်ကြိမ်နှင့် ဒုတိယတစ်ကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ပြုပြီးသည့် ဖော်ပြပါ အသက်အရွယ်အုပ်စုများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ကတ်ပြားများနှင့်တကွ နီးစပ်ရာ ကာကွယ်ဆေး ထိုးစင်တာများသို့ လာရောက်ပြီး တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း သိရသည်။ ။

 

နိုင်ငံအတွင်း ပထမတစ်ကြိမ်နှင့် ဒုတိယတစ်ကြိမ် ထိုးပေး လိုက်သော ကိုဗစ်-၁၉ ကာကွယ် ဆေးများမှာ ဆီနိုဖမ်း၊ စပွတ်နစ်ဗွီ၊ မော်ဒါးနား၊ ဖိုက်ဇာနှင့် အက်စ် ထရာဇနီကာ ကာကွယ်ဆေးများ ဖြစ်သည်။

 

ပြည်သူများသည် ကာကွယ်ဆေးထိုးစင်တာများတွင် စောင့်ဆိုင်းနေစရာမလိုအပ်ဘဲ ဒစ်ဂျစ်တယ်မက်ဆေ့ချ်ဖြင့် ကာကွယ်ဆေးထိုးရမည့်အချိန်ကို ပေးပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

တရားဝင် စာရင်းဇယားများအရ သီရိလင်္ကာနိုင်ငံတွင် အသက် ၂၀ ကျော်အုပ်စုများ၏ ၉၃ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။ ။

 

သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၅၅၂၀၀၀ ရှိပြီး သေဆုံးသူ ၁၄၀၀၀ ရှိသည်။

ဆင်ဟွာ