သီရိလင်္ကာနိုင်ငံ၌ မြေလွတ်မြေရိုင်းများ ဖော်ထုတ်၍ စိုက်ပျိုးမြေအဖြစ် အသုံးပြုမည်

ကိုလံဘို ဇွန် ၆

 

သီရိလင်္ကာနိုင်ငံသမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာသည် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေးကုမ္ပဏီများ ပိုင်ဆိုင်သည့် မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ကာ ယင်းမြေများကို စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သမ္မတရုံးသတင်းဌာနက ဇွန် ၄ ရက်တွင် ပြောကြားသည်။ ။

 

သီရိလင်္ကာနိုင်ငံသမ္မတသည် လာမည့်လများ လများတွင် နိုင်ငံအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးပြောကြားခဲ့ပြီးနောက် အထက်ပါညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

စိုက်ပျိုးရေးကုမ္ပဏီများသည် မြေလွတ်မြေရိုင်း ဟက်တာပေါင်း ၉၀၀၀ ကျော်ပိုင်ဆိုင်ကြောင်း သမ္မတရုံးသတင်းဌာနက ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံသည် နိုင်ငံ၏စိုက်ပျိုးရေး ထုတ်ကုန် သိသိသာသာလျော့ကျမှုဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ဓာတ်မြေသြဇာများ အသုံးပြုမှုကို တားမြစ်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ဓာတ်မြေဩဇာအသုံးပြုမှု တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး လာမည့် စိုက်ပျိုးရေး ရာသီအတွက် ဓာတ်မြေဩဇာအလုံ အလောက်ရရှိနိုင်ရန် နိုင်ငံအများအပြားနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သီရိလင်္ကာအစိုးရက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်