သီရိလင်္ကာနိုင်ငံ၌ နေအိမ်ဥယျာဉ် ၂ ဒသမ ၂ သန်းခန့် ဖန်တီးဆောင်ရွက်မည်

ကိုလံဘို မတ် ၂၁

 

သီရိလင်္ကာနိုင်ငံ၌ လာမည့်လမှစပြီး နေအိမ်ဥယျာဉ် ၂ ဒသမ ၂ သန်းခန့် စတင်အကောင်အထည်ဖော် ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။ ။

 

နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်သာယာစေရေးအတွက် နေအိမ်များ၌ ဥယျာဉ်များစိုက်ပျိုးမှုကို  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားချေးငွေနှင့် အလုပ်အကိုင်ရှာဖွေရေးဝန်ကြီး ရှီဟန် ဆီမာဆင်းဟီက ပြောကြားသည်။

 

သီရိလင်္ကာအစိုးရက နေအိမ်ဥယျာဉ်များ ဆောင်ရွက်ရေးအတွက် အိမ်ထောင်စု ၁၂၉၁၂ စုကို သီးပင်စားပင်များ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း၊ ဝန်ကြီး ရှီဟန် ဆီမာဆင်းဟီက ဆိုသည်။ ။

 

အဆိုပါနေအိမ်ဥယျာဉ်များ ဖန်တီးမှုအစီအစဉ် ကို သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်