ကိုလံဘို မတ် ၄
ယခုနှစ် ဖေဖော်ဝါရီလတွင် သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၂၇၉၃၂၈ ဦး စံချိန်တင်ဝင်ရောက်မှုရှိခဲ့ကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့က ပြောကြားသည်။ ယင်းမှာ တစ်လအတွင်း ခရီးသွားဧည့်သည် စံချိန်တင်ဝင်ရောက်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလတွင် နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၆ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း အာဏာပိုင်များက ပြောသည်။ အပတ်စဉ်အစီရင်ခံစာတွင် ထုတ်ပြန်ထားသော နေ့စဉ်ကိန်းဂဏန်းအချက်အလက်များအရ ဖေဖော် ဝါရီ ၁၂ ရက် တစ်ရက်တည်းအတွင်း နိုင်ငံတွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ၁၂၇၃၁ ဦးရှိသည့်အတွက် ခရီးသွားဝင်ရောက်မှု အများဆုံးရက်ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုများအနက် အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပြီး ယင်းနောက် ဗြိတိန်၊ ရုရှား၊ ဂျာမနီနှင့် တရုတ်နိုင်ငံတို့က အများဆုံးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


