သီရိလင်္ကာနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ခရီးသည် ၂၀ ထက်မနည်းဒဏ်ရာရ

ဇွန် ၉

 

သီရိလင်္ကာနိုင်ငံတောင်ပိုင်း ကိုလံဘိုဆင်ခြေဖုံးတွင် ဇွန်လ ၉ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးက လော်ရီကားတစ်စီးဖြင့်တိုက်မိရာ ခရီးသည် ၂၀ ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါဘတ်စ်ကားသည် ကိုလံဘိုမြို့မှ အရှေ့ဘက် အက်ကာအီပတ်တူမြို့သို့ ဦးတည်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ထိုယာဉ်မတော်တဆမှုမှဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

၂၀၂၂ ခုနှစ်က နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆမှု ၁၉၇၄၀ ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄၈၅ ဦး ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို