သီရိလင်္ကာနိုင်ငံသို့ ယခုနှစ်အတွင်း ခရီးသွား ၉၀၀၀၀၀ ဝင်ရောက်

စက်တင်ဘာ ၁

သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် ဩဂုတ်လ ၃၀ ရက်အထိ ခရီးသွား ၉၀၀၀၀၀ ဝင်ရောက်ခဲ့ကြောင်း သီရိလင်္ကာခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့က နောက်ဆုံးအချက်အလက်ဖော်ပြခဲ့သည်။

အဆိုပါအဖွဲ့၏ပြောကြားချက်အရ သီရိလင်္ကာနိုင်ငံအတွင်း ယခုနှစ် လက်ရှိအချိန်အထိ ခရီးသွား ၉၀၀၇၀၈ ဦး ရောက်ရှိခဲ့သည်ဟု သိရသည်။

၂၀၂၂ ခုနှစ်က သီရိလင်္ကာနိုင်ငံသို့ ခရီးသွား ၇၁၉၉၇၈ ဦးဝင်ရောက်ခဲ့ရာ ယခုနှစ်တွင်ဝင်ရောက်သော ခရီးသွားဦးရေသည် ယမန်နှစ်ကထက် ပိုမိုများပြားသည်ဟု ထိုအဖွဲ့ကဆိုသည်။

သီရိလင်္ကာခရီးသွားလာရေးလုပ်ငန်းသည် ၂၀၂၃ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ခရီးသွား ၂ သန်းကျော် ဝင်ရောက်ရန် ရည်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို