သီရိလင်္ကာတွင် တောရိုင်းဆင် သုံးကောင်ထပ်မံသေဆုံး ရာ စုစုပေါင်းခုနစ်ကောင် သေဆုံးမှုရှိ

၃၀ စက်တင်ဘာ

 

 

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းတွင် ပြီးခဲ့သည့် စနေနေ့က တောရိုင်းဆင် သုံးကောင် ထပ်မံသေဆုံးကာ ခုနစ်ကောင် သေဆုံးမှုရှိနေပြီဟု တောရိုင်းတိရစာ္ဆန် တာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသေဆုံးမှုမှာ အမျက်ထွက်သော ရွာသားများ၏ အဆိပ်ကျွေးမှုကြောင့်  ဖြစ်သည်ဟု ယုံကြည်ရသည်။

 

 

ငါးရာစု ကျောက်သားခံတပ် တစ်ခုဖြစ်ပြီး ယူနက်စကိုမှ ကမာ္ဘ့အမွေအနှစ် နေရာအဖြစ် စာရင်းသွင်းထားသည့် သီဂိရိယမြို့အနီး သစ်တောကြိုးဝိုင်းတစ်ခုတွင် ၎င်းတိရစာ္ဆန်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

 

ကျွန်းပေါ်တွင် နှစ်စဉ် ဆင်ကောင်ရေ ၂၀၀ နီးပါးသေဆုံးခဲ့ကြရာ ထိုဆင်များမှာ အုပ်စုကွဲကာ လယ်မြေပေါ် ရောက်ရှိလာကြပြီးနောက် လယ်သမားများကြောင့် အများအပြား သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ထိုတောရိုင်းဆင် အများစုသည် ၎င်းတို့နေရာဒေသ အနီးရှိ ကျေးရွာများသို့ အုပ်စုကွဲကာ ရောက်ရှိလာခြင်းဖြစ်ကာ ယင်းဆင်များကြောင့် နှစ်စဉ် အကြမ်းအားဖြင့် လူအယောက် ၅၀ သေဆုံးခဲ့ကြောင်း သိရသည်။

 

 

ပြီးခဲ့သည့် သောကြာနေ့က ဆင်အသေလေးကောင် တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

 

ထိုဆင်များမှာ အဆိပ်မိပြီး သေဆုံးခြင်း ဖြစ်နိုင်သည်ဟု သံသယရှိကြောင်း ကိုလံဘိုမြောက်ဘက် သီဂိရိယမြို့ရှိ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဉီးကို တောရိုင်းတိရစာ္ဆန် ကျွမ်းကျင်သူများနှင့် ဆင်သေကို ခွဲစိတ်စစ်ဆေးသည့် တိရစာ္ဆန်ဆေးကု ဆရာဝန်များက ပြောကြားခဲ့သည်။

 

 

၎င်းတောဆင်ရိုင်းများသည် ထိုဒေသရှိ ကောက်ပဲသီးနှံများကို ဖျက်ဆီးပြီး ကျေးရွာများတွင် မွှေနှောက်တိုက်ခိုက်ခြင်း များပါဝင်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

 

ကိုးကား -  အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို