သီရိလင်္ကာဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ရာထူးမှနုတ်ထွက်

ကိုလံဘို မေ ၁၀

 

ကိုလံဘိုမြို့တွင် ဝန်ကြီးချုပ်ကို ထောက်ခံသူများနှင့် အစိုးရဆန့်ကျင်သူများကြား အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားနေချိန် သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာက ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မေ ၉ ရက်တွင် ပြောကြားလိုက်သည်။

 

ဝန်ကြီးချုပ်က တွစ်တာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်သည် ၎င်း၏ နုတ်ထွက်လွှာကို သမ္မတ ဂိုတာ ဘာယာ ရာဂျာပက်ဆာထံ တင်သွင်းခဲ့သည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာတင်ပြီး မကြာမီ ကျန်းမာရေးဝန်ကြီး အပါအဝင် တချို့ဝန်ကြီးများသည် ၎င်းတို့ ၏အသီးသီးသော နုတ်ထွက်လွှာများကို သမ္မတထံ တင်သွင်းခဲ့သည်။ မေ ၉ ရက်က ဆန္ဒပြသူများကြား အကြမ်းဖက်ပဋိပက္ခများဖြစ်ပွားရာ နေရာတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ သည်။ ထို့အတူ လူ ၈၀ ထက်မနည်း ဆေးရုံတင်ခဲ့ရကြောင်း ကိုလံဘို အမျိုးသားဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဆိုးရွားသည့် စီးပွားရေး အကျပ်အတည်းများက ကဏ္ဍအတော်များများအပေါ် ထိခိုက်မှုများ ဖြစ်ပွားလာပြီး အခြေခံ အကျဆုံး အရေးကြီး ထောက်ပံ့ပစ္စည်းများ ပြတ်တောက်နေစဉ် သီရိလင်္ကာနိုင်ငံသည် ရက်သတ္တပတ်ပေါင်း အတော်ကြာနိုင်ငံရေး မငြိမ်သက်မှုများနှင့် ရင်ဆိုင်နေရသည်။

 

ဆင်ဟွာ