ပုသိမ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပရာ ခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းတွင် မီးလောင်မှု အကြောင်းရင်းများ၊ မီးသတ်ဆေးဘူး အကြောင်းအရာနှင့် မီးအတန်းအစားခွဲခြားနည်း၊ မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်နည်းများ၊ ဆီမီးလောင်မှုငြှိမ်း သတ်နည်းများ၊ မီးသတ်ကားဖြင့် လက်တွေ့ရေစိုလေ့ကျင့်ခန်း၊ မီးသတ်ဦးစီးဌာန၏ သီအိုရီအကြောင်း၊ စစ်ရေးပြဘာသာရပ်များအား ဇွန် ၁ ရက်မှ ၅ ရက်အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသား ၅၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
မေချို


