သိန္နီမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

သိန္နီ     ဇွန်       ၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေ ၃၁ ရက်က ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို သိန္နီမြို့နယ်အတွင်းရှိ ကောင်းဟော်ကျေးရွာအုပ်စု၊ နားဆော့ ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာအုပ်စုနှင့် ဟိုပန်မျဉ်းကျေးရွာအုပ်စုများမှ တောင်သူများ၏ လယ်မြေဧက အပေါ်မူတည်၍ တစ်ဧကလျှင် (၁၅၀၀၀၀/) နှုန်းဖြင့် တောင်သူ (၁၃၀)ဦးအတွက် (၁၉၅၀၀၀၀၀/) ကျပ် (တစ်ရာကိုးဆယ့်ငါးသိန်း)အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စောဉမ္မာ(သိန္နီ)