သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၉

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force)၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တာ ဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက Task Force အဖွဲ့ အနေဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အ ကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲခြင်း၊ မူဝါဒ များ ချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံ ငွေတစ်ရပ်ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project)အဖြစ် စတင်ဆောင်ရွက် ခြင်းနှင့် သိုလှောင်ရုံတည်ဆောက် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဆန်စပါးဈေးနှုန်း တည်ငြိမ်ရေးကိုလည်း အ ထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြု သည့် ငွေကြေးထောက်ပံ့မှုစနစ်တစ်ရပ် အောင်မြင်စွာဖော်ဆောင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား များ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများ အားလုံးက အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းလျက် ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် လုပ်ငန်း စဉ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်