သက်ကြီး ဘိုးဘွားများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်

ဝက်လက် ၁၂ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုင်ခရိုင်၊ ဝက်လက်မြို့တွင်   ယနေ့ နံနက် ၇ နာရီမှ စတင်၍ ဝက်လက်မြို့  ပြည်သူ့ ဆေးရုံဝန်း အတွင်း၌ အသက် ၆၀ အထက် ဘိုးဘွားများကို အပတ်စဉ် သောကြာနေ့တိုင်း အခမဲ့ ဆေးကုသပေးခြင်းနှင့် အာဟာရ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ဝက်လက်မြို့နယ်အတွင်းရှိ အသက် ၆၀ ကျော် ဘိုးဘွား ၅၀ဝ ကျော်ကို ဦးကျော်သူ၊ ဦးဖုန်းမြင့်နှင့် ဦးအောင်သူဖြိုး  တို့မှ ဦးဆောင်ကာ စေတမာန်လူငယ်အဖွဲ့ အကျိုးဆောင်များက အာဟာရများ တိုက်ကျွေးခြင်း၊ အလှူရှင်းများ ရှာပေးခြင်းများ ဆောင်ရွက်ပေးသည်။ ကျန်မာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး Dr. သန့်ဇင်လတ် နှင့် ကျန်မာရေး ဝန်ထမ်းများနှင့် အငြိမ်းစား ကျန်းမာရေး ဆရာမ ဒေါ် မြင့်ဆွေတို့က အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်လျက်ရှိသည်။ ယနေ့ ကုသိုလ်ရှင်အဖြစ် စေတမာန် လူငယ်အဖွဲ့မှ ကောင်းမှုကုသိုလ် ပြုလုပ်ကြောင်း သိရသည်။


စိုးစိုးလှိုင်(ဝက်လက်)