သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဘားအံ ၁၇ ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာတိုင်းရင်းသား လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမနှင့် ကန်သာယာတွင် နံနက် ၈ နာရီက သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ကျင်းပသည်။

 

aa

 

သက်ကြီးပူဇော်ပွဲတွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဦးသုံးကြိမ်ချကန်တော့၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွား (၃၂)ဦးအား တစ်ဦးလျှင် လှူဒါန်းငွေကျပ် ၅၀ဝ၀ဝ နှင့် ဂါရဝပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့သည်။

 

ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ပွဲတွင် ဘားအံမြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်မှ ဘိုးဘွား(၃၈၁)ဦး၊ ဘိုးဘွားရိပ်သာမှ ဘိုးဘွား(၇)ဦး စုစုပေါင်း ဘိုးဘွား ၃၈၈ ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပြည်နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ လှူဒါန်းငွေနှင့် ဂါရဝပစ္စည်းတန်ဖိုး ကျပ် ၂၁၂၄၁၉၀ဝ ကို လှူဒါန်းခဲ့ကြောင်းနှင့် အဘိုးအဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ddd

 

ထို့နောက် ဇီဝိတဒါနငါးလွှတ်ပွဲကို ဇွဲကပင်ခန်းမရှေ့ ကန်သာယာအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  အဘိုးအဘွားများက ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီး ကောင်ရေ ၈၀ဝ၀ အား ကန်သာယာအတွင်းသို့ ဇီဝိတဒါနအဖြစ် စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)