သမိုင်းဝင် အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ မြန်မာနိုင်ငံ ထူးချွန်ကြက်ခြေနီလူငယ်အဖွဲ့ လေ့လာရေးခရီးရောက်ရှိ

မိုးညှင်း  ၂၉  မေ 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ သမိုင်းဝင် ရွှေမဉ္ဇူ ရေလယ်ဘုရားသို့  မြန်မာနိုင်ငံ ထူးချွန်ကြက်ခြေနီ လူငယ်လေ့လာရေးအဖွဲ့တို့ ယနေ့ နေ့လယ် ၁၂ နာရီတွင် ရောက်ရှိလာရာ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများက အတူတကွ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

 

02

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်ဒေါ်မြသူ ဦးဆောင်သော မြန်မာနိုင်ငံ ထူးချွန်ကြက်ခြေနီလူငယ်(၁၁၁)ဦး တက္ကသိုလ်/ ကောလိပ်ကြက်ခြေနီ အသင်းခွဲများမှ (၂၅)ဦးနှင့်အတူ နည်းပြအုပ်ချုပ်သူများအပါအဝင် စုစုပေါင်း(၁၈၀)ကျော်တို့သည် စက်လှေ(၁၂)စီးဖြင့် အင်းတော်ကြီးကန်အား လေ့လာကြပြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ ရောက်ရှိလာရာ ဘုရားဂေါပကဥက္ကဋ္ဌ ဦးနိုင်ထွန်းအောင်မှ အင်းတော်ကြီး အင်းစတင်ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

04

 

ထို့နောက် အင်းတော်ကြီးဓမ္မာရုံတွင် ဒေသခံရှမ်းနီရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေခဲ့ပြီး နေ့လယ်စာထမင်းဟင်းလျာများဖြင့် တည်ခင်းဧည့်ခံကြသည်။ ယင်းနောက် မွန်းလွဲပိုင်း အင်းတော်ကြီးရွှေမဉ္ဇူဘုရားမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး FFI မှ ဆောက်လုပ်ထားသည့် အင်းတော်ကြီးဘေးမဲ့တောပြခန်းအား ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ရာ ဘေးမဲ့တောမှ တောအုပ်ကြီး ဒေါ်နီလာပွင့်နှင့် FFI မှ ဒေါ်သဇင်စောတို့မှ ပြခန်းနှင့်ပတ်သက်သည့် အထွေထွေဗဟုသုတများကို ရှင်းလင်းပြေားကြားခဲ့သည်။

ဆက်လက်၍ ထူးချွန်ကြက်ခြေနီလေ့လာရေးအဖွဲ့သည် အင်းတော်ကြီးဘေးမဲ့တောပြခန်းမှ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ပြီး ဟိုပင်မြို့ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

နီတိုး