သမ္မတ ဒေါ်နယ်ထရမ့်၏ မြောက်ကိုရီးယားဆိုင်ရာမူဝါဒမှာ မအောင်မြင်ဟု ဂျွန်ဘော်လ်တန် ဝေဖန်

၂၄ ဒီဇင်ဘာ

မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် မူဝါဒသည် မအောင်မြင်ပဲ ကျရှုံးခဲ့ကြောင်းကို ဒေါ်နယ်ထရမ့် အစိုးရအနေဖြင့် မကြာမီလူသိရှင်ကြား ဝန်ခံရန်လိုအပ်မည်ကြောင်း  အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးဟောင်းဖြစ်သူ ဂျွန်ဘော်လ်တန်က ပြောကြားခဲ့သည်။ 

 

aj1

 

စက်တင်ဘာလအတွင်းက ဒေါ်နယ်ထရမ့်က အလုပ်မှထုတ်ပစ်ခဲ့သည် ဂျွန်ဘော်လ်တန်နှင့် Axios သတင်းဝဘ်ဆိုဒ်နှင့် တနင်္ဂနေ့က တွေ့ဆုံမေးမြန်းမှု တစ်ခုပြုလုပ်ခဲ့သည်။ 

ထရမ့်နှင့် ထိပ်တန်းအရာရှိများသည် မြောက်ကိုရီးယားအား လက်နက်များဖျက်သိမ်းရန် ကတိပေးသည့် ပတ်သက်ပြီး အမေရိကန်အစိုးရအနေဖြင့် အမှန်တကယ်အဓိပ္ပာယ်ရှိသည်ဟု ၎င်းအနေဖြင့် မထင်ကြောင်းဘော်လ်တန်က ပြောကြားခဲ့သည်။  
 
မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဖိအားအများဆုံးပေးနေသည်ဟူသော အယူအဆမှာ ဝမ်းနည်းဖွယ်ရာကြောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်ပြီး အပြစ်ရှာပြီး စိတ်ပူရန် မလိုကြောင်း ထရမ့်ကို ၎င်းက ပြောကြားခဲ့သည်။ 

မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန်း၏ ခရစ္စမတ်ကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှုခံမည်ဆိုလျှင် အိမ်ဖြူတော်အနေဖြင့် အမှားလုပ်မိပြီဆိုခြင်းကို ဝန်ခံရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဒေသတွင်းရှိ မဟာမိတ်များနှင့် ပူးပေါင်း၍ အမေရိကန်က ပြုံယမ်းအပေါ်ဖိအားပေးသင့်ကြောင်း ဂျွန်ဘော်လ်တန်က ပြောကြားခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်