သမ္မတ ဒေါ်နယ်ထရန့် ဂျပန်ခရီးစဉ် ၁၀ နေရာ ဒရုန်းယာဉ် မပျံသန်းရေး ကြိုတင်စီမံထား

၂၃ မေ

 


ဂျပန်အစိုးရအဖွဲ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း  တိုကျိုပတ်ဝန်းကျင် ၁၀ နေရာကို ဒရုန်းယာဉ်မပျံသန်းရန် ကြိုတင်စီမံထားကြောင်း သိရသည်။

 


ထရန့်သည် ဂျပန်နိုင်ငံဧည့်သည်တော်အနေဖြင့်် စနေနေ့တွင် ရောက်ရှိမည်ဖြစ်သည်။ထရန့်သည် တနင်္ဂနွေနေ့တွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နှင့် ဂေါက်သီးရိုက်မည်ဖြစ်ပြီး ဆူမိုနပန်းသမားပြိုင်ပွဲကို ကြည့်ရှုမည်ဖြစ်သည်။

 


ထရန့်သည် တနင်္လာနေ့တွင် ဂျပန်ဧကရာဇ် နာယူဟီတိုနှင့် တွေ့ဆုံမည်ဖြစ်ပြီး အာဘေး နှင့် ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်သည်။

 


ဒရုန်းယာဉ် ပျံသန်းမှုကို ချီဘားစီရင်စုရှိ ဂေါက်ကွင်းအပါအဝင် တိုကျိုမြို့ရှိ ကိုကူဂျီကန် ဆူမိုနပန်းသတ်ကြိုးဝိုင်း၊ အကာဆာကာပြည်နယ် ဧည့်ဂေဟာနှင့် ယိုကိုဆူကာမြို့ရှိ ရေကြောင်းနှင့်ပတ်သက်သော ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အခြေစိုက်စခန်း စသည့် နေရာ ၁၀ ခုတွင် စနေနေ့မှ အင်္ဂ ါ နေ့အထိ ပိတ်ပင်တားမြစ်မည်ဟု သိရသည်။

 


အဆိုပါ ဒရုန်းယာဉ်မပျံသန်းရမည့် နေရာများတွင် ပျံသန်းလျှင် ရဲတပ်ဖွဲ့က  ဥပဒေအရ သိမ်းယူမည် ဖြစ်သည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို