သမ္မတ ဂျိုးဘိုင်ဒင် က ပြင်သစ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်မည်ဟု သမ္မတ မက်ခရွန်ကို ပြောကြား

၂၅ ဇန်နဝါရီ

 

 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ပြင်သစ်နှင့် အခြားဉရောပ နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်ကို ပြောကြားခဲ့သည်။

 

 

အဆိုပါ သမ္မတ နှစ်ဦးတို့သည် ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

 

 

ထိုခေါင်းဆောင် နှစ်ဦးသည် ရာသီဉတု ပြောင်းလဲရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာတွင် နှစ်နိုင်ငံ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားရန် ယမန်နေ့က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးစဉ် သဘောတူညီခဲ့ကြသည်။

 

 

ဘိုင်ဒင်သည် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံ ခေါင်းဆောင်များနှင့် သောကြာနေ့က ဖုန်းဆက်သွယ် ပြောကြားခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ်နှင့်လည်း စနေနေ့က ဖုန်းဆက်သွယ် ပြောကြားခဲ့သည်။

 

 

ဘိုင်ဒင်သည် ကမ္ဘာ့မူဘောင်များမှတစ်ဆင့် ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ မဟာမိတ် နိုင်ငံများနှင့် မိတ်ဖက် နိုင်ငံများဖြင့် ဆက်ဆံရေး ခိုင်မာအောင် ပြုလုပ်လိုသည်ဟုလည်း ဘိုင်ဒင် က ပြောကြားသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို