သမ္မတရွေးကောက်ပွဲအနိုင်ရရှိရန် လမ်းကြောင်းပေါ်ရောက်နေကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးပြော

ဂျကာတာ   ဖေဖော်ဝါရီ    ၁၅

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝူဆူဘီရန်တိုက ၎င်းသည် ဗုဒ္ဓဟူးနေ့ သမ္မတရွေးကောက်ပွဲ တွင်  အနိုင်ရရန် လမ်းကြောင်းပေါ်ရောက်နေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တခြား ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း  နှစ်ဦးက ရွေးကောက်ပွဲရလဒ်သည် လုံးဝရှင်းရှင်းလင်းလင်း  မရှိသေးကြောင်း ပြောကြားခဲ့သည်။

လတ်တလော   မဲရေတွက်မှု   စာရင်းများအရ ပရာဘိုဝူသည် ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းကျော် ရရှိထားသည်။ သို့သော်လည်း နောက်ဆုံးမဲရလဒ် စာရင်းထုတ်ပြန်ကြေညာသည့်     အချိန်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခင် ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း  အန်နီးစ်ဘတ်စ်ဝီဒန်က ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းရထားပြီး ဗဟိုဂျာဗားအုပ်ချုပ်ရေးမှူး ဂန်ဂျာပရာ နိုဝို သည် ၁၆ ရာခိုင်နှုန်းသာ ရရှိထားသည်။

၎င်းတို့   နှစ်ဦးလုံးသည်  မဲရုံတွင်လိမ်လည်မှုများသာမက   ပရာဘိုဝူ၏   မဲဆွယ်စည်းရုံးမှုတွင်  လိမ်လည်မှုကိစ္စရပ်များကို ထောက်ပြကြသည်။ အန်နီးစ်နှင့် ဂန်ဂျာတို့နှစ်ဦးလုံးသည် စုံစမ်းစစ်ဆေး မှုပြုလုပ်ပေးရေး တောင်းဆိုဖွယ်ရှိသည်။ တရားဝင်မဲစာရင်းရလဒ်ထုတ်ပြန်မှုများကို  တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိသည်။   နိုင်ငံတစ်ဝန်း  မဲပေးခွင့်ရှိသူပေါင်း သန်း ၂၀၀ ကျော်ရှိပြီး နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း  ၈၂၀၀၀၀ ကျော်သို့ သွားရောက်မဲပေးခဲ့ကြသည်။

အင်န်အိတ်ချ်ကေ