ညောင်လေးပင် မတ် ၂၄

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းများ၏ နွေစပါးစိုက်ဧက ၅၀၅ ဧကအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူပြီး တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများကို မြို့နယ်သမဝါယမအသင်းစုမှတစ်ဆင့် ပံ့ပိုးဆောင်ရွက်သည်။ ၎င်းနွေစပါး စိုက်ဧကများအနက် ရဲနွယ် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်လယ်တွင် စိုက်ပျိုးထားသည့် စိုက်ပျိုးဧက ၁၄၉ ဧက၏ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်