ရန်ကုန် ဇူလိုင် ၂၃

ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းခရိုင်သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ အလယ်တန်း (လေ့ကျင့်ရေး) ကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပွဲတော်ကို ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြခန်းများ၊ ပြိုင်ပွဲများ၊ စာပေစကားဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်အရောင်းဆိုင်များကို ကြည့်ရှုအားပေးပြီး စာပေဟောပြောမည့် စာရေးဆရာမ ပေါက်ပေါက်အား ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုငွေပေးအပ်ကာ ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)