ရန်ကုန် ဇွန် ၉

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစု လီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင် သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်လမ်း သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီ ဓမ္မာရုံ၌ ကျင်းပသည်။

 

သင်ကြားပို့ချ

ဦးစွာ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးတို့က အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းကို ဇွန် ၈ ရက်မှ ၁၂ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)