သင်္ဃန်းကျွန်းမြို့နယ်၌ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား

သင်္ဃန်းကျွန်း၊ ၁၉ မေ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုက်လမ်းဆုံတွင် မေ ၁၈ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေးထောင့်ကန်ဘက်မှ မောင်းနှင်လာသော မော်တော်ယာဉ်နှင့် ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသော Probox မော်တော်ယာဉ် (၂)စီးတို့ ခေါင်းချင်းဆိုင် တိုက်မိရာမှ အရှိန်လွန်၍ လေးထောင့်ကန်လမ်းမပေါ်ရှိ မီးပွိုင့်မိနေသော မော်တော်ယာဉ်အား ထပ်မံတိုက်မိကြောင်း သိရသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်အား သက်ဆိုင်ရာယာဉ်ထိန်းတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)