သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၀

သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူး ပေါင်းအဖွဲ့သည် မတ် ၈ ရက် မွန်းလွဲ ၁ နာရီတွင်  သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉) ရပ်ကွက်ရှိ တီးဘားလက်ဘက်ရည်ဆိုင်အနီးတွင် ထွန်းသိန်း(ခ)အောင်လေး မောင်းနှင်လာသည့် Toyota Celsior  မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀,၀၀၀ ကိုလည်းကောင်း၊  အလားတူ မတ် ၉ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မရမ်းကုန်း မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းတွင် ဇော်ဝေဖြိုး(ခ) ဇော်ကြီး အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ် ပေါက်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မဝင်းပပ(ခ)ပပ နေထိုင်သည့် တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်