သင်္ဃန်းကျွန်းမြို့နယ်တရားရုံးဝန်ထမ်းအိမ်ရာ  (၈)ခန်းတွဲ(၆)ထပ် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂၅   

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးဝန်ထမ်းအိမ်ရာ (၈)ခန်းတွဲ (၆)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၉၇)၊ လွတ်လပ်ရေးလမ်း၊ (ဃ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ဖွင့်လှစ်ပြီး အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

(သတင်းစဉ်)