သင်ကြားရေးဆိုင်ရာ နည်းစနစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်  ၁၆   မေ 
    

နိုင်ငံတကာအဆင့်မီ သင်ကြားရေးနည်းစနစ်များကို အချိန်နှင့်တပြေးညီ အဆင့်မြှင့်သင်ကြားပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများအား သင်ကြားရေးဆိုင်ရာ နည်းစနစ်သင်တန်း (Pedagogy Training Course 2019) ကို မေ ၁၄ နှင့် ၁၅ ရက်တို့တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

    

အဆိုပါသင်တန်းကို ပညာရေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ အေးအေးမြင့် ဦးဆောင်သော ပညာရေးအဖွဲ့က   ပို့ချခဲ့ခြင်းဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်များ၊  ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် နည်းပြဆရာ၊ ဆရာမ ၁၁၉ ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)