သင်္ကြန်ကာလအတွင်း  တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တရားမဝင်သစ်များ ဖမ်းဆီးရမိမှု

နေပြည်တော် ၁၈ ဧပြီ 

 


ဝန်ထမ်းများ ရုံးပိတ်ရက်ဖြစ်သည့် သင်္ကြန်ကာလအား အခွင့်အရေးယူကာ တရားမဝင်သစ် သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အတွက် သစ်တောဦးစီးဌာနမှ တရားမဝင်သစ် ဖမ်းဆီးရေးကို စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဧပြီ (၁၃) ရက်မှ (၁၇) ရက်အထိ ကချင်ပြည်နယ်တွင် ကျွန်း (၅)တန်ခန့်၊ အခြား (၁၅၂)တန်ခန့်၊ ကယားပြည်နယ်တွင် ကျွန်း (၁)တန်ခန့်၊ သစ်မာ(ဝ ဒသမ ၃၅၅၂)တန်၊ ကရင်ပြည်နယ်တွင် အခြား(၃)တန်၊ ချင်းပြည်နယ်တွင် ကျွန်း (၁)တန်ခန့်၊ သစ်မာ(၅)တန်ခန့်၊ အခြား(၅)တန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျွန်း (၁၀၁)တန်ခန့်၊ သစ်မာ(၄၆)တန်ခန့်၊ အခြား(၆၇)တန်ခန့်၊ ယာဉ်(၁)စီး၊ ဆိုင်ကယ်(၁)စီး၊ ကျူးလွန်သူ(၄)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် သစ်မာ (၆) တန်ခန့်၊ အခြား(၁၄)တန်ခန့်၊ ပဲခူးတိုင်းဒေသကြီးတွင် ကျွန်း (၃၇)တန်ခန့်၊ သစ်မာ(၁၂)တန်ခန့်၊ အခြား (၄၁)တန်ခန့်၊ ယာဉ်(၇)စီး၊ ဆိုင်ကယ်(၁)စီး၊ ကျူးလွန်သူ (၁၅)ဦး၊ မကွေးတိုင်းဒေသကြီးတွင် ကျွန်း (၃)တန်ခန့်၊ သစ်မာ (၈)တန်ခန့်၊ အခြား(၁၅)တန်ခန့်၊ ယာဉ်(၂)စီး၊ ကျူးလွန်သူ (၅)ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် သစ်မာ(၄)တန်ခန့်၊ အခြား(၁၅)တန်ခန့်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကျွန်း (၄)တန်ခန့်၊ သစ်မာ(၂)တန်ခန့်၊ အခြား(၂၂)တန်ခန့်၊ ကျူးလွန်သူ (၁)ဦး၊ မွန်ပြည်နယ်တွင် အခြား(၄) တန်ခန့်၊ ရခိုင်ပြည်နယ်တွင် အခြား(၇၆)တန်ခန့်၊ ကျူးလွန်သူ (၂)ဦး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျွန်း (၅)တန်ခန့်၊ သစ်မာ(၇)တန်ခန့်၊ အခြား(၂၆)တန်ခန့်၊ ယာဉ်(၁)စီး၊ ရှမ်းပြည်နယ်(တောင်)တွင် အခြား(၃)တန်ခန့်၊ ယာဉ်(၁) စီး၊ တရားခံ(၂)ဦး၊ ရှမ်းပြည်နယ် (မြောက်)တွင် ကျွန်း (၁၂၄)တန်ခန့်၊ သစ်မာ(၁၇)တန်ခန့်၊ အခြား(၄)တန်ခန့်၊ ရှမ်းပြည်နယ် (အရှေ့)တွင် အခြား(၁)တန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီးတွင် သစ်မာ(ဝ ဒသမ ၅)တန်၊ အခြား (၄၂)တန်ခန့် စုစုပေါင်း ကျွန်း (၂၇၉ ဒသမ ၇၈၉၅)တန်၊ သစ်မာ (၁၀၈ ဒသမ ၁၁၅၆)တန်၊ အခြား (၄၉၁ ဒသမ ၁၈၄၆)တန်၊ ယာဉ် (၁၂)စီး၊ ဆိုင်ကယ်(၂)စီး၊ ပြစ်မှုကျူးလွန်သူ (၂၉) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


မောင်လူမော်


 

ိိိ