သင်္ကြန်ကာလအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

မြစ်ကြီးနား ၁၈ ဧပြီ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် တရားမဝင်သစ်များ ခိုးထုတ်မှုအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဧပြီ ၁၃ ရက်မှ ၁၄ ရက်အထိ မြစ်ကြီးနားမြို့နယ် နောင်တောင်းကျေးရွာတောစပ်အနီးတွင် အခြားသား သစ် (၉၀ ဒသမ ၅၂)တန်၊ နန်ကျင်-နောင်တောင်း ကျေးရွာချင်းဆက်လမ်း နန်ကျင် ချောင်းဘေးတွင် အခြားသစ် (၄၅ ဒသမ ၉၈၂၀) တန်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် - တာလောကြီးသွားကားလမ်း မိုင်တိုင် ၆ မိုင် ၄ ဖာလုံအနီးတွင် (၃၅)ပေါင်ဝင် မီးသွေးအိတ် (၁၂၀ဝ) (၁၄၉ ဒသမ ၃၃၀) တန်၊ မိုင်းနားကျေးရွာအုပ်စု လဘန်ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာတွင် အခြားသားခွဲသား (၂ ဒသမ ဝ၂၅၆)တန် ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် မိုးညှင်းမြို့နယ် လွိုင်မော်ကြိုးဝိုင်း အကွက်အမှတ် ၂၂ မှ အခြားသစ် (၄ ဒသမ ၁၉၄၀) တန်၊ မိုးညှင်းကြိုးပြင်တောအတွင်းမှ အခြားသားသစ် (၃ ဒသမ ၄၀၆) တန်၊ မော်ဟန်ကြိုးဝိုင်းအကွက်အမှတ် (၈)မှ ကျွန်းသစ်လုံး (၈)လုံး (၁ ဒသမ ၇၁၆၀) တန်၊ မိုးကောင်းမြို့နယ် ဂေါ်ရီကျေးရွာအနီးမှ အခြားသားသစ် (၃ ဒသမ ၂၄၈) တန်၊ မြစ်ကြီးနား - တနိုင်းသွား ကားလမ်းအရှေ့ဘက် မရမ်းကထောင်ကျေးရွာအနီးမှ အခြားသားသစ် (၂ ဒသမ ၄၁၇) တန်၊ မံစီမြို့နယ် မောင်ထားလယ်ကွင်းအနောက် ဘက်  ၄ ဖာလုံခန့်အကွာမှ ကျွန်းခွဲသား (၃ ဒသမ ဝ၄၆၄)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ကျော်ထက် (မြစ်ကြီးနား)