ရန်ကုန် ဇွန် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သင်္ဃန်းကျွန်းခရိုင် ဦးဘဟန်လမ်း သင်္ကန်းကျွန်း ပညာရေးဒီဂရီ ကောလိပ် ပညာနေခြည်ခန်းမ၌ ဇွန် ၁၆ ရက်က ပြုလုပ်သည်။

 

ဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကား ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Moderator များအဖြစ် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း နှင့် နည်းပြမြန်မာစာဌာနမှ ဒေါ်ယွန်းရွှေစင်အိတို့က ဦးဆောင်ကာ ပညာရေးဒီဂရီကောလိပ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများက ပညာရေးနှင့် ဆရာ့ အင်္ဂါရပ်၊ နိုင်ငံ့သားကောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်နှင့် စာရိတ္တ/စည်းကမ်း/ကျန်းမာရေး၊ စာပေဗဟုသုတနှင့် အတွေး အခေါ်မြှင့်တင်ရေး စသည့် ခေါင်းစဉ် လေးခုဖြင့် ဆွေးနွေးခဲ့ကြသည်။

 

ခရိုင်(ပြန်/ဆက်)