သင်္ကြန်ပွဲတော်ကာလအတွင်း ရွှေ့ပြောင်းလုပ်သားများ နယ်စပ်ဖြတ်ကျော်ကြေး ပေးရန်မလို

၉ ဧပြီ

သင်္ကြန်ပွဲတော်ဆင်နွဲဖို့ မြန်မာရွှေ့ပြောင်းလုပ်သားထောင်ချီပြီး အိမ်ပြန်ကြတာကြောင့် မဲဆောက်-မြဝတီ စစ်ဆေးရေးဂိတ်မှာ တာ့ခ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်ကြေး လျှော့ပေါ့ပေးခဲ့ကြောင်း သိရပါတယ်။ ဧပြီ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာ၊ လာအို နဲ့ ကမ္ဗောဒီးယား နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် နယ်စပ်ဖြတ်ကျော်ခ လျှော့ချဖို့ ထိုင်းအစိုးရအဖွဲ့က မတ်လ ၂၇ ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယနေ့နံနက်ပိုင်းက နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေး မြှင့်တင်ဖို့နဲ့ သင်္ကြန်ပိတ်ရက်တွေကို ကြိုဆိုတဲ့အနေနဲ့  တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူးတို့ကကြီးမှူးပြီး နှစ်နိုင်ငံက ဌာနဆိုင်ရာတွေနဲ့ စေတနာ့ဝန်ထမ်း ၁၀ဝ၀ လောက်က ဦးဆောင်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။

နှစ်ကူးပွဲတော်မှာ အားလပ်ရက် ခရီးသွား အများအပြားလာရောက်ကြတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားပြီး လမ်းခရီးသွားလာရေး အခက်အခဲဖြစ်ကြရပါတယ်။ ဒါကြောင့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေက ယခုတစ်ပတ်ကစလို့ အိမ်ပြန်ဖို့ စောစောစီးစီး ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ယနေ့ နမ့်ခွန်ဖနန် ကားဂိတ်မှာ ဘန်ကောက်ကနေ အမိမြေပြန်ကြမယ့် လာအိုရွှေ့ပြောင်းလုပ်သားတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်။ တစ်ကြောင်းကို ၁၅ ဦး နှုန်းနဲ့ တစ်ရက် နှစ်ကြိမ် ပြေးဆွဲနေတယ်လို့ လာအို ခရီးသည်ကားမောင်းသူ အသက် ၄၉ နှစ်အရွယ် Sitthiporn Phothichan က ပြောပါတယ်။

ဘာသာပြန် - MDN

ကိုးကား - The Nation