သန်လျင်အထက(၁)မှ ထူးချွန်ကျောင်းသားများ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

သန်လျင်  ၂   သြဂုတ်  


သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိခဲ့ကြသည့် မောင်ကောင်းဇင်ဟိန်းနှင့် မောင်ကောင်းမြတ်ထွဋ်တို့(၂)ဦးသည် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် သြဂုတ် (၂) ရက် နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြကြောင်း သိရသည်။


အဆိုပါထူးချွန်ကျောင်းသား(၂)ဦးအား ကျောင်းအကျိုးဆောင်အဖွဲ့နာယက ဦးတင်ဝင်း၊ ဥက္ကဋ္ဌ ဦးမောင်မောင်တိုးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန်းနှင့် မိဘအုပ်ထိန်းသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။


သန်လျင်အထက(၁) မိဘဆရာ ကျောင်းအကျိုးဆောင်အဖွဲ့အနေဖြင့် နှစ်စဉ် ထူးချွန်ကျောင်းသား ကျောင်းသူများအား ပြည်ပခရီးစဉ်များကို အလှူရှင်များအဖွဲ့ ကျောင်းသားဟောင်းများ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် ဂုဏ်ပြုပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။  


သန်းဝင်း  (သန်လျင်)