သန်လျင်၌ ခြံထွက်သီးနှံ ဟင်းသီးဟင်းရွက်နှင့် နွားနို့၊ ကြက်ဥ၊ ထမင်းဟင်းလျာများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရန်ကုန်  ၃၁  မေ 


ရန်ုကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ရေတပ်ပင်မ လက်နက်ခဲယမ်းမီးကျောက်တပ်မှ ခြံထွက်သီးနှံ ဟင်းသီး ဟင်းရွက်၊ နွားနို့၊ ကြက်ဥနှင့် ထမင်း ဟင်းလျာများကို ဈေးနှုန်းချိုသာစွာဖြင့် မေ ၃၁ ရက် နံနက် ၉ နာရီက မြို့မဈေးအနီး၌ ရောင်းချပေးလျက်ရှိရာ ပြည်သူများ ဝယ်ယူအားပေးနေကြသည်ကို တွေ့မြင်ရသည်။

 

1

 


သန်လျင်ရေတပ်ပင်မ လက်နက်ခဲယမ်းမီးကျောက်တပ်မှ ဒုအရာခံဗိုလ် ကျော်စွာမင်း ဦးဆောင်သောအဖွဲ့က ခြံထွက်သီးနှံ ကန်စွန်း၊ ချဉ်ပေါင် တစ်စီးလျှင် ၅၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁၀ဝ ကျပ်၊ နွားနို့ တစ်ပိဿာ ၁၅၀ဝ ကျပ်နှင့် ထမင်း+ကြက်သားဟင်း+သီးစုံပဲဟင်း+ငါးပိရည်/ တို့စရာအပါအဝင် တစ်ပွဲ ၅၀ဝ ကျပ်၊ ထမင်း+ငါးဟင်း+သီးစုံပဲဟင်း+ငါးပိရည်/တို့စရာအပါအဝင် တစ်ပွဲ ၅၀ဝ ကျပ်၊ ထမင်း+ ဝက်သားဟင်း+ သီးစုံပဲဟင်း+ ငါးပိရည်/တို့စရာအပါအဝင် တစ်ပွဲ ၅၀ဝ ကျပ်နှင့် ထမင်း+ ကြက်ဥဟင်း+ သီးစုံပဲဟင်း+ ငါးပိရည်/တို့စရာ အပါအဝင် တစ်ပွဲ ၃၀ဝ ကျပ်တို့ဖြင့် ပြည်သူများသွားလာမှုများသော လမ်းဆုံ လမ်းခွများတွင် ရောင်းချပေးလျက်ရှိပြီး ၁ လလျှင် နှစ်ကြိမ် အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)