သံဖြူဇရပ် အမှတ်(၁)မြို့မစျေး၌ မီးဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများဆောင်ရွက်

သံဖြူဇရပ် အောက်တိုဘာ ၁၁

 

မွန်​​ပြည်နယ်၊ သံ​ဖြူဇရပ်မြို့နယ် အမှတ်(၁)မြို့မစျေး၌ မီးဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်လျှပ်စစ်ဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များမှ အမှတ်(၁) မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများ လေဝင်လေထွက်ကောင်းမွန်မှု အခြေနေ၊ ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှု၊ မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပေးပြောကြားခဲ့သည်။

 

ထို့နောက် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ပရဆေးဆိုင်များ စသည့်ဆိုင်ခန်းများ မီးဘေးလုံခြုံရေး ဆောင်ရွက် ထားရှိမှု၊ လျှပ်စစ်ကြိုးများ စနစ်တကျသွယ်တန်းထားမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ရ/မရ၊ Hydrunt ငုတ်များ တပ်ဆင်ထားမှုတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အမှတ်(၁)မြို့မစျေးတွင် ဆိုင်ခန်း စုစုပေါင်း(၁၁၀၂)ခန်းရှိပြီး CCTV (၁၃)လုံ တပ်ဆင်ထားကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)