သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြား

သံဖြူဇရပ် ဇွန် ၃

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ သင်ကြားပို့ချပေးလျက်ရှိရာ သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာ အထက်တန်း ၁၀ ကျောင်း၊ အထက်တန်း-ခွဲ လေးကျောင်း၊ အလယ်တန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်း-ခွဲ ၁၁ ကျောင်း၊ မူလွန်ကျောင်း ၂၅ ကျောင်း၊ မူလတန်းကျောင်း ၇၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း ၁၃၂ ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၄၆၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)