သံဖြူဇရပ်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သံဖြူဇရပ် ၅  ဇွန် 


ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။


သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မန်ကျည်း၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းမ စသည့် ပျိုးပင်ပေါင်း ၄၉၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ထင်းရှူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ၊ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။


MDN