သံဖြူဇရပ်နှင့် တောင်ကြီးမြို့နယ်တို့တွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  မေ ၃၀ 

သံဖြူဇရပ်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ စက်စဲကျေးရွာနေ ပြည့်ဖြိုးဦး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စ် ၁ ဒသမ ၄ ကီလို ကိုလည်းကောင်း၊ အလားတူ မေ ၂၈ ရက် ညနေ ၅ နာရီ မိနစ်၅၀ တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာနေ မောင်မောင်(ခ) သိန်းစိုးထူး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၉၁၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်