သနပ်ပင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေး

သနပ်ပင်  မေ ၄

 

ပဲခူးတိုင်းဒေကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားခြင်းမှ ကာကွယ် နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျထိုးနှံ ပေးလျက်ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်ထိုးနှံပြီး ခြောက်လပြည့်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးရန် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)