သံတွဲမြို့ အမှတ် ( ၈ ) ရပ်ကွက်တွင် ဆိုင်ခန်းဟောင်း မီးလောင်မှုဖြစ်ပွား

သံတွဲ ၁၇ ဇန်နဝါရီ

သံတွဲမြို့တွင် ဆိုင်ခန်းအဟောင်းတစ်ခန်း လျှပ်စစ်ဒါးမိန်းအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဆိုင်ခန်းအတွင်း စောင့်အိပ်နေသူ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ 

အမှတ် (၈) ရပ်ကွက် အံတော်တောင်ရင်းကုန်းလမ်းတွင် ဇန်နဝါရီ  ၁၇ ရက် နံနက်  ၁ နာရီ ၄၀ အချိန်တွင် လျှပ်စစ်ဒါးမိန်း ( Change Over )အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း တစ်ခန်းဆုံးရှုံးကာ ဆိုင်ခန်းစောင့် ဦးကျော်ဇေယျ(ခ)အရှည်ကြီး အသက် (၃၈)နှစ် သေဆုံးခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားမှုကို  မြို့နယ်မီးသတ်ဦးစီးမှူးက မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့်  ဆိုင်ခန်းပိုင်ရှင် ဦးသိန်းဇော်ဦးအား သံတွဲ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN

 

mdn