သံတွဲမြို့နယ်၌ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲ၍ ဂိုဒေါင် ၁ လုံးမီးလောင်မှုဖြစ်ပွား

နေပြည်တော်  ၁ ဩဂုတ် 

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီ မိနစ် ၂၀ က ဂိုဒေါင်အဆောက်အဦ ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လင်းသာရပ်ကွက် Hotel ACE ဝင်းအတွင်းရှိ ဂိုဒေါင်အဆောက်အဦ၌ ဟိုတယ်ညစောင့်ဖြစ်သူ အင်းဒင်ကလေးကျေးရွာနေ မျိုးဝင်းသည် လျှပ်စစ်ရေနွေးအိုး တည်ထားရာမှတစ်ဆင့် အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ညနေ ၆ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

 မီးလောင်မှုကြောင့် ဂိုဒေါင်အဆောက်အဦ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းနှင့် မျိုးဝင်းအား ဂျိတ္တောနယ်မြေရဲစခန်းမှ  အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)