သံတွဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ၉၆၈ ဦး ဝင်ရောက်ဖြေဆိုမည်

သံတွဲ ဖေဖော်ဝါရီ  ၂၂

သံတွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ငါးခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး သံတွဲမြို့နယ်ရှိ ကျောင်းသား ကျောင်းသူ ၉၆၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ သံတွဲမြို့နယ်၌ စာစစ်ဌာနများအဖြစ် အထက(၁)၊ အထက(ငပလီ)၊ အထက(ရွှေလှေ)၊ အထက (ကျောက်ကြီး)နှင့် အထက(ကင်းမော်) တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

နေမျိုးအောင်(ပြန်/ဆက်)