သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများဈေးကောင်းရရှိ

သံတောင်ကြီး   ဖေဖော်ဝါရီ   ၂၈

 

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်း ဖြစ်သော နှစ်ရှည်ခံပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည်  ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင်    အသီးများစတင်ထွက်ရှိပြီး ဒေသခံပြည်သူများက   လိုက်လံဆွတ်ခူး ရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။

 

မရမ်းသီးများသည်     သက်တမ်းရှည်သောအပင်မျိုးဖြစ်ပြီး စိုက်ပျိုးပြီး နှစ် (၂၀)ခန့်တွင် အသီးများကို စတင် ခူးယူနိုင်ကြောင်း၊ တစ်ပိုင်တစ်နိုင်ဖြင့် မရမ်းပင်များကို   မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများ တွင်လည်းကောင်း၊  ဉယျဉ်ခြံမြေများတွင်လည်းကောင်း အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာ စိုက်ပျိုးလျက် ရှိသည်။

 

အဆိုပါ ပေါ်ဦး ပေါ်ဖျားမရမ်းသီးများကို တောင်ငူမြို့ရှိ ဆိုင်ကယ်ကယ်ရီများက လာရောက်ဝယ်ယူရာတွင် တစ်ပိဿာကို ကျပ်(၅၀၀၀)မှ ကျပ်(၅၅၀၀)အထိရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။  

နော်နော်မူ

 

 

၀၉၆၉၄၀၆၆၅၆၂