နေပြည်တော် ဇွန် ၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန  မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မြန်မာသံတမန် သင်တန်းကျောင်း (Myanmar Diplomatic Academy) နှင့် Naypyitaw State Academy တို့ ပူးပေါင်းဖွင့်လှစ်သည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy) အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

သင်တန်းကို သင်တန်းကာလ လေးလစီကြာမြင့်သော ပညာသင်နှစ်ဝက် နှစ်ခုဖြင့် စုစုပေါင်း သင်တန်းကာလရှစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် သံတမန်ရေးရာများ၊ နိုင်ငံတကာ ဆက်ဆံရေးများ၊ နိုင်ငံခြားရေး မူဝါဒများ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် မျက်မှောက်ခေတ် နိုင်ငံတကာရေးရာဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါသင်တန်းသို့ အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း/ အမှုထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ စိတ်ပါဝင်စားသူများ၊ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၆၀ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်