သဖန်းပင်ရိုးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် ရေသန့်စင်စက်နှင့် ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇန်နဝါရီ ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းပင်ရိုးကျေးရွာတွင် ဒေသခံပြည်သူများအား သန့်ရှင်းသော သောက်သုံးရေး ဖူလုံစွာရရှိရေး ဆောင်ရွက်ထားရှိသည့် ရေသန့်စင် စက်နှင့် ရေသန့်စင်စက်ရုံများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သဖန်းပင်ရိုးကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကျယ် ၄ လက်မ အနက်ပေ ၄၀၀ ရှိ စက်ရေတွင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ၂၈.၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါ အောင်မြင်သည့် Bihope World ကုမ္ပဏီက တာဝန်ယူ၍ အလျား ပေ ၂၀၊ အနံ ၁၅ ပေ ရှိ Steel  Structure ရေသန့်စင်စက်ရုံနှင့် 1000 LPH ရေသန့်စင်စက် တည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လ ၂၁ ရက်နေ့က ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင့်ဝါဖြူ(နည်းပညာ)၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီးဖြစ်၍ သဖန်းပင်ရိုးကျေးရွာရှိ အိမ်ခြေ ၁၂၄ အိမ်၊ လူဦးရေ ၁၁၁၄တို့မှ သန့်ရှင်းသော သောက်သုံးရေ သုံးစွဲနိုင်တော့မည်ဖြစ်သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)