သပိတ်ကျင်းမြို့နယ်၌ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၂

 

စက်တင်ဘာ ၂၁ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ဖော့တောကျေးရွာအနီးတွင် AD Van အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မလှလှမျိုး၏ ပလတ်စတစ်ပုံးအတွင်းမှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မလှလှမျိုး(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်