သပိတ်ကျင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးခဲ့သည့် အိမ်ထောင်စု ၂၅ စုအား ထောက်ပံငွေပေးအပ်

သပိတ်ကျင်း မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပျက်စီးခဲ့သည့် စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊ အုံးပိုင်ကျေးရွာရှိ အိမ်၂၅ လုံးမှ အိမ်ထောင်စုဝင်များအား မေ ၂၆ ရက်တွင် တာဝန်ရှိသူများက ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါကျေးရွာသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးဝင်းမြတ်သူ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုလှိုင်တင့်နှင့် တာဝန်ရှိသူများက သွားရောက်ကာ ပျက်စီးဆုံးရှုံးခဲ့သည် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ငွေကျပ် ၁၃၀၅၆၀၀ အား ထောက်ပံပေးအပ်ပြီး အမိုးလန်ပျက်စီးခဲ့သည့် အထက ကျောင်းအား ကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်၏ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊ အုံးပိုင်ကျေးရွာတွင် မေ ၂၅ ရက် မွန်းလွဲပိုင်းက လေပြင်းများတိုက်ခတ်ပြီး အိမ် ၂၅ လုံးနှင့် အထက ကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)