သပိတ်ကျင်းနှင့်လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ ၂၇

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် နံနက် ၆ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ဖော့တော ကျေးရွာအနီးတွင် TOYOTA HIACE ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၅၆ ကီလို ကိုလည်းကောင်း။

 

စက်တင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီတွင် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအုပ်စု၊ ခါးသျှိကျေးရွာ အနီး၊ လားရှိုး-တန့်ယန်းသွားကားလမ်းတွင် ကျော်ဇေယျာ မောင်းနှင်ပြီး ကာလိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၁,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   (ရဲပြန်ကြား)