သရက်ချောင်းမြို့နယ်၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ဆွေးနွေး

သရက်ချောင်း ၁၁ စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အောင်မြင်စွာဖြေဆိုနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းက အ.ထ.က(သရက်ချောင်း)ကျောင်းရှိ (ပညာရတနာ)ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

1448

 

အဆိုပါဆွေးနွေးပွဲတွင် မြိတ်တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ ဒေါက်တာခင်မျိုးမမစောက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့် မေးခွန်းပုံစံများ၊ အမှတ်ပေးစည်းမျဉ်းများ၊ ဖြေဆိုပုံဖြေဆိုနည်းများ၊ မိမိဖြေဆိုမှုအပေါ် အမှတ်ပေးမှုနည်းစနစ်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ မှတ်သားလိုက်နာရမည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

 

1455

 

ဆွေးနွေးပွဲသို့ အ.ထ.က(သရက်ချောင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာ/ဆရာမများ၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၃၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)