သရက်ချောင်းမြို့နယ်၌ မိုးစပါးချေးငွေများ စတင်ထုတ်ချေး

သရက်ချောင်း မေ ၁၇ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ် ချေးငွေများ မေ ၁၇ ရက် နံနက်ပိုင်းက ထုတ်ချေးပေးခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့ရှိ ဆင်ဖြူပြင်ရပ်ကွက်မှ တောင်သူ ၁၆ ဦးအား တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက် ၁၀၅ ဧကအတွက် ချေးငွေ ကျပ် ၁၅၇၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

သားကြီး(သရက်ချောင်း)