သရက်ချောင်းမြို့နယ်၌ မုန်တိုင်းကာလအတွင်း နေအိမ်များတွင်  ၅ ဂါလန်ဆံ့ ပလတ်စတစ်ပုံးများအား ရေသန့်ထည့်၍ ကြိုတင်ပြင်ဆင်ထားရှိရန် ပြည်သူများအား အသိပညာပေးနှိုးဆော်

သရက်ချောင်း    မေ    ၁၂

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအား ၅ ဂါလန်ဆံ့ ပလတ်စတစ်ပုံးများအား ရေသန့်ထည်၍ ကြိုတင်ပြင်ဆင်ထားရှိရန် အသိပညာပေးခြင်းကို မေ ၁၂ ရက်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်များတွင် အသိပညာပေးနှိုးဆော်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေမျိုးဆေးက ပြည်သူများနေအိမ်တိုင်းတွင် မုန်တိုင်းကာလအတွင်း ၅ ဂါလန်ဆံ့ ပလတ်စတစ်ပုံးများအား ရေသန့်ထည်၍ မိမိတို့နေအိမ်မိသားစုရှိသလောက် စုဆောင်းထားခြင်းဖြင့် မုန်တိုင်းဘေးကြုံလာလျှင် မိမိတို့တစ်ဦးခြင်း၏ အသက်ကိုကယ်တင်နိုင်သလို၊ ရေသန့်အတွက်ပါ ရရှိမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ကြိုတင်စုဆောင်းထားရန် လိုအပ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မုန်တိုင်းအန္တရာယ် တွေ့ကြုံလာလျှင် ပြည်သူများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန် အသိပညာပေး ပြောကြားခဲ့ပြီး မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရသည်များကို ဖြည့်စွက်ဆွေးနွေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးပိုင်(သရက်ချောင်း)