သရက်ချောင်း မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက် ၉ နာရီက ဒုတိယအကြိမ်မြောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပထမအကြိမ် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပြီးသည့် အသက်၉နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေး ငယ်များအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးသည်။
မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်မှ စတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် အခမဲ့ စတင်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)