သရက်ချောင်းမြို့နယ်တွင် စိုက်ပျိုးရေးသုံး ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေး

သရက်ချောင်း  စက်တင်ဘာ   ၁၇

 

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးအပ်ခြင်းကို စက်တင်ဘာ ၁၇ ရက်က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်မှ စျေးနှုန်းချိုသာစွာ ရောင်းချသော ယူရီးယားဓာတ်မြေသြဇာများကို စနစ်တကျအသုံးချရန်၊ မိုးစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်အတိုင်း နည်းမှန်၊ လမ်းမှန်ဖြင့် စိုက်ပျိုးရန်တို့ကို ရှင်းလင်းပြောကြား ခဲ့သည်။

 

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ယူရီးယား ဓာတ်မြေသြဇာများ အသုံးပြုပုံနည်းလမ်းများ၊ မိုးစပါးများ ပိုးကျရောက်ခြင်းမှရှောင်ရှားရန် ပိုးသတ်ဆေးများကို အသုံးပြရန်လိုအပ်ကြောင်း၊  သရက်​ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် တောင်သူများ မိုးစပါးများကို နည်းလမ်း၊ လမ်းမှန်ဖြင့်စိုက်ပျိုးပြီး ဧကအထွက်နှုန်းတိုး၍ ဝင်ငွေတိုးစေရန် ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခဲ့ပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)